မဟာအောင်မြေ ဒီဇင်ဘာ ၁၀
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် အသက် ၁၈ နှစ်နှင့်အထက် မဲပေးပိုင်ခွင့်ရှိသည့်နိုင်ငံသားတိုင်း နိုင်ငံသားအခွင့်အရေးမဆုံးရှုံးစေရန် ဆန္ဒမဲပေးနိုင်ရေးအတွ" “ဒို့အတူတူမဲပေးကြမယ်” အသိပညာပေး သတင်းစကားလက်ကမ်းစာစောင်များဖြန့်ဝေခြင်းနှင့် ရွေးကောက်ပွဲမှသည် ပိုမိုကောင်း မွန်သော အနာဂတ်ဆီသို့ မြေစိုက်ပိုစတာစိုက်ထူခြင်းတို့ကို ဒီဇင်ဘာ ၇ ရက်က မဟာအောင်မြေမြို့နယ် မဟာမြိုင်(၂)ရပ်ကွက်ရှိ လူစည်ကားရာနေရာများတွင် ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမောင်မောင်၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအတွင်းရေးမှူး ဦးရဲမင်းလွင်၊ မြို့နယ်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်လင်းခိုင် သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ဝန်ထမ်းများ၊ ရာအိမ်မှူး/ဆယ်အိမ်မှူးများမှ လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ပြီး မဟာအောင်မြေမြို့နယ်မဟာမြိုင်(၂) ရပ်ကွက်ရှိ လူစည်ကားသည့်နေရာတို့တွင် ရွေးကောက်ပွဲမှသည် ပိုမိုကောင်းမွန်သော အနာဂတ်ဆီသို့ အသိပညာပေး မြေစိုက်ပိုစတာစိုက်ထူခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အောင်ဇော်မင်း