ကျောက်ဆည်ခရိုင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာ လှုပ်ရှားမှုအထိမ်းအမှတ် ကျား၊ မအခြေပြုအကြမ်းဖက်မှု အသိပညာပေး ဟောပြောပွဲကျင်းပ

ကျောက်ဆည် ဒီဇင်ဘာ ၉

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် အမျိုးသမီများအပေါ်အကြမ်းဖက်မှုပပျောက်ရေး (၁၆) ရက်တာလှုပ်ရှားမှုအထိမ်းအမှတ် ကျား၊ မအခြေပြုအကြမ်းဖက်မှု အသိပညာပေးဟောပြောပွဲကို ဒီဇင်ဘာ ရက်က ဟံမြင့်မိုရ်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ကျောက်ဆည်ခရိုင် လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး၊ ခရိုင်အမျိုးသမီးကော်မတီအတွင်းရေးမှူး ဒေါ်သန်းသန်းစိုးက ကျား၊ မအခြေပြုအကြမ်းဖက်မှုအကြာင်းများနှင့် အမျိုးသမီးများအကြမ်းဖက်ခံရပါက တိုင်ကြားနိုင်သည့် ဖုန်းနံပါတ်များနှင့် လူမှု ဝန်ထမ်းဦးစီးဌာနမှ ဝန်ဆောင်မှုပေးလျက်ရှိသည့် လုပ်ငန်းများအကြောင်းများကိုလည်းကောင်း၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး၊ ခရိုင်အမျိုးသမီးကော်မတီအဖွဲ့ဝင် ဒေါ်တင်တင်ထွေးက အမျိုးသမီးများအပေါ် အကြမ်းဖက်မှုကိစ္စရပ်များနှင့်ပတ်သက်သည့်အကြောင်းများကို အသိပညာပေးဟောပြောခဲ့သည်။

ဆက်လက်ပြီး အမျိုးသမီးကော်မတီအဖွဲ့ဝင် ဒေါ်နွယ်နီတင်က အမျိုးသမီးများအပေါ်အကြမ်းဖက်ခံရမှုများနှင့်ပတ်သက်၍ ဆောင်ရွက်ခဲ့သည့်အကြောင်းများကို အသိပညာပေးဟောပြောခဲ့ပြီး တက်ရောက်လာသည့် ကျောင်းသားကျောင်းသူများအား ကျား၊မအခြေပြုအကြမ်းဖက်မှု အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။

တင်တင်ထွေး