ရေဖြူ ဒီဇင်ဘာ ၁၀
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်တွင် ဒီဇင်ဘာ (၂၈) ရက်နေ့ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် မဲရုံဖွင့်လှစ်ဆောင်ရွက်မည့် စာသင်ကျောင်းများတွင် မီးဘေးလုံခြုံရေးစစ်ဆေးခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်မှုများ ဒီဇင်ဘာ ၁၀ ရက်နေ့နံနက်က ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် ရေဖြူမြို့နယ်၊ မီးသတ်ဦးစီးမှူး ဦးဆောင်သော တပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာန အဖွဲ့အစည်းများ ပူးပေါင်း၍ မဲရုံဖွင့်လှစ်ဆောင်ရွက်မည့် စာသင်ခန်းများနှင့် ကျောင်းဝန်းအတွင်း မီးဘေးလုံခြုံရေးနှင့် ကြိုတင်ကာကွယ်ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ မီးဘေးလုံခြုံရေးပစ္စည်းများ ကောင်းမွန်မှု ရှိ၊ မရှိစစ်ဆေးခဲ့ပြီး အရေးပေါ်မီးဘေးအန္တရာယ် ဖြစ်ပေါ်ခဲ့ပါက စနစ်တကျ မီးငြှိမ်းသတ်ရမည့် နည်းလမ်းများအား အသိပညာပေးရှင်းလင်း၍ ဇာတ်တိုက်လေ့ကျင့်ခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ခတ္တာ