ခေတ္တချင်းပြည်နယ်ဝန်ကြီးချုပ်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ခင်မောင်ထွေး အမျိုးသမီးများပေါ် အကြမ်းဖက်မှုပပျောက်အရေး (၁၆)ရက်တာလှုပ်ရှားမှု အထိမ်းအမှတ်အခမ်းအနားသို့တက်ရောက်

ဟားခါး ဒီဇင်ဘာ ၁၀

အမျိုးသမီးများပေါ် အကြမ်းဖက်မှုပပျောက်အရေး ( ၁၆ ) ရက်တာလှုပ်ရှားမှု အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံးရှိ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ ခေတ္တချင်းပြည်နယ်ဝန်ကြီးချုပ်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ခင်မောင်ထွေး၊ ပြည်နယ်တရား လွှတ်တော် တရားသူကြီးချုပ် ဦးနေစိုး၊ လူမှုရေးရာဝန်ကြီး ဦးဝင်းဇော်ဦး၊ သယံဇာတရေးရာဝန်ကြီး ဦးကောလ်လျန်ထန်း၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိန်ထွန်းလှနှင့် ၎င်းတို့၏ ဇနီးများ၊  ပြည်နယ် အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များ တက်ရောက်ကြသည်။

ဦးစွာ ခေတ္တချင်းပြည်နယ်ဝန်ကြီးချုပ်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ခင်မောင်ထွေးက ယနေ့ကျင်းပသည့် အခမ်းအနားကတော့ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး (၁၆) ရက်တာ လှုပ်ရှားမှုအခမ်းအနားဖြစ်ကြောင်း၊ နှစ်စဉ် နိုဝင်ဘာလ ၂၅ ရက်နေ့မှ ဒီဇင်ဘာလ ၁၀ ရက်နေ့အထိကို အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆) ရက်တာ လှုပ်ရှားမှုနေ့ရက်များဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံသည် အမျိုးသမီးများအား ခွဲခြားဆက်ဆံမှုပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂသဘောတူစာချုပ် ( UNCEDAW ) ကို ၁၉၉၇ ခုနှစ်တွင် ပါဝင်လက်မှတ်ရေးထိုးခဲ့ကြောင်း၊ ယခုကဲ့သို့ လှုပ်ရှားမှုကျင်းပရခြင်း၏ ရည်ရွယ်ချက်က အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး၊ ကျား/မ တန်းတူညီမျှမှုရရှိရေးနှင့် ကုလသမဂ္ဂဏည်ဆက်မပြတ်  ဖွံ့ဖြိုးမှုပန်းတိုင်များတွင် အမျိုးသမီးများအပါအဝင် မည်သူမျှချန်ထားခဲ့ခြင်းမရှိဘဲ အားလုံးပါဝင် နိုင်ရေးနှင့် အများပြည်သူသတိမူမိစေရေး လူထုလှုပ်ရှားမှုများအဖြစ် ကမ္ဘာတစ်ဝန်းတင်ပြုလုပ်ရ ခြင်းဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံသည် အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ နိုင်ငံအဆင့် မဟာဗျူဟာစီမံကိန်းကို ရေးဆွဲထားပါကြောင်း၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများသည် အကြမ်း ဖက်ခံရသည့် အမျိုးသမီးတစ်ဦးချင်းအပေါ်မှာသာမက မိသားစုများ၊ လူမှုအသိုင်းအဝိုင်းနှင့် လူ့အဖွဲ့အစည်းအတွက်ပါ ထိခိုက်နစ်တာဆုံးရှုံးမှုများ ဖြစ်ပေါ်စေကြောင်း၊ ကုလသမဂ္ဂ၏ စစ်တမ်းအရ အမျိုးသမီး (၃) ဦးတွင် တစ်ဦးသည် ၎င်းတို့၏ ဘဝတစ်လျှောက်တွင် အကြမ်းဖက်မှုတစ်ခုခုကို အနည်းဆုံးတစ်ကြိမ် ကြုံတွေ့ခဲ့ရသည်ဟု ဆိုထားပါကြောင်း၊ လူ့အဖွဲ့အစည်း၏စံနှုန်းများ၊ လူမှုရေး အမြင်များ၊ ဥပဒေလိုက်နာမှုအားနည်းခြင်းနှင့် အရင်းအမြစ်လုံလောက်မှုမရှိခြင်းတို့ကြောင့် အမျိုးသမီးများပေါ် အကြမ်းဖက်မှုတားဆီးကာကွယ်ရေးလုပ်ငန်းများမှာ အကန့်အသတ်များ ရှိနေဆဲဖြစ်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ကုလသမဂ္ဂကချမှတ်ထားသည့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှု ပန်းတိုင်များ၊ ကမ္ဘာ့အမျိုးသမီးညီလာခံနှင့် အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားမှုပပျောက်ရေး ဆိုင်ရာ သဘောတူစာချုပ်ပါ ပြဋ္ဌာန်းချက်များ၊ လုပ်ငန်းစဉ်များကို ပပျောက်ရေး၊ အားလုံးပူးပေါင်းဆောင်ရွက်ပေး” ဖြစ်ကြောင်း၊ ယနေ့အခမ်းအနားတွင် ဒစ်ဂျစ်တယ် အခြေပြုအကြမ်းဖက်ခံရသည့် အမျိုးသမီးများအတွက် တရားမျှတမှုရရှိရေးနှင့် ထိထိရောက်ရောက် အကာအကွယ်ပေးနိုင်ရေးနှင့် တုံ့ပြန်ဆောင်ရွက်မှုလုပ်ငန်းဏည်များ အားကောင်းစေရေးအတွက် အစိုးရအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ အရပ်ဖက်အဖွဲ့အစည်းများ၊ နည်းပညာကုမ္ပဏီများနှင့် မီဒီယာများ အားလုံးပူးပေါင်းဆောင်ရွက်နိုင်ကြရန် ယခုနှစ်ဆောင်ပုဒ်ဖြင့် လှုံ့ဆော်ပေးခြင်ဖြစ်ကြောင်းနှင့် အမျိုးသမီးများဘဝလုံခြုံခြင်းသည် လူ့အဖွဲ့အစည်းတစ်ခုလုံး ကောင်းကျိုးအဖြာဖြာကို ဖြစ်ထွန်းစေသဖြင့် အမျိုးသမီးများပေါ် အကြမ်းဖက်မှုကင်းဝေးရန် ဝိုင်းဝန်ကာကွယ်စောင့်ရှောက် ကြပါစို့ဟု တိုက်တွန်းကြောင်းဖြင့် မှာစကားပြောကြားသည်။

ထို့နောက် အမျိုးသမီးများပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆) ရက်တာ လှုပ်ရှားမှု အထိမ်းအမှတ် Video Clip ပြသပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)