တံတားဦးမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် မူးယစ်ဆေးဝါးအန္တရာယ်အကြောင်းဟောပြောပြီး ကဗျာရွတ်ဆိုပြိုင်ပွဲကျင်းပ

တံတားဦး ဒီဇင်ဘာ ၈

မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး ဒီဇင်ဘာ ၈ ရက်နေ့က မြို့နယ်လူထုအခြေပြုဗဟိုဌာနတွင် မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေးအကြောင်း အသိပညာပေး ဟောပြောပွဲကျင်းပပြီး ကဗျာရွတ်ဆိုပြိုင်ပွဲ ကျင်းပခဲ့ကြောင်း သိရသည်။

အသိပညာပေးဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးဘိုမောင်၊ ဦးစီးအရာရှိက မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးအကြောင်းဟောပြောရာတွင် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မူးယစ်ဆေးဝါးအစ ဆေးလိပ်ကဆိုသည့်အတိုင်း ဆေးလိပ်သောက်ခြင်းကို မပြုလုပ်ကြရန်၊ မူးယစ်ဆေးဝါးသုံးစွဲခြင်း၏ နောက်ဆက်တွဲ ဆိုးကျိုးများဖြစ်သော စိတ်ပိုင်းဆိုင်ရာထိခိုက်မှု၊ ရုပ်ပိုင်းဆိုင်ရာထိခိုက်မှုများ၊ မူးယစ်ဆေးဝါးအန္တရာယ်၊ ဆေးလိပ်နှင့်ဆေးရွက်ကြီးအန္တရာယ်၊ ဆေးခြောက်အန္တရာယ်၊ စိတ်ကြွရူးသွပ်ဆေးပြား အန္တရာယ်နှင့်လူငယ်များ မူးယစ်ဆေးဝါးနှင့်ပတ်သက်ပြီး ရှောင်ရှားနိုင်ရန်နှင့် လူငယ်များအား မူးယစ်ဆေးဝါးအန္တရာယ် မကျရောက်နိုင်ရန်အတွက် အသိပညာဗဟုသုတများ ရရှိရေးပြောကြားပြီး ကျောင်းသား၊ ကျောင်းသူများ၏ သိရှိလိုသည်များကို ဆွေးနွေးမေးမြန်းကြရာ  ဦးစီးအရာရှိနှင့် တာဝန်ရှိသူများက အသီးသီးပြန်လည်ဖြေကြားပေးသည်။

ထို့နောက် တံတားဦး အခြေခံပညာအထက်တန်းကျောင်း Grade-9 မှ ကျောင်းသား၊ ကျောင်းသူ(၂၀)ဦးမှ မိမိတို့နှစ်သက်သည့် ခေါင်းစဉ်များဖြင့် ကဗျာရွတ်ပြိုင်ပွဲကျင်းပပေးပြီး ပြိုင်ပွဲဝင်များအား မြို့နယ်ဦးစီးအရာရှိနှင့် ဝန်ထမ်းများက အမှတ်တရဂုဏ်ပြုလက်ဆောင်များ ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။

ရဲတင့်(ပြန်/ဆက်)