ငါန်းဇွန် ဒီဇင်ဘာ ၈
မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့၌ ဒီဇင်ဘာ ၈ ရက်နေ့က မြို့နယ်တည်ဆောက်ရေးနှင့် အရည်အသွေးစစ်ဆေးရေးကော်မတီမှ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဆောင်ရွက်လျက်ရှိသည့် ခွာညိုလမ်းကျောက်ခင်းခြင်းလုပ်ငန်းအား ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် မြို့နယ်တည်ဆောက်ရေးနှင့် အရည်အသွေးစစ်ဆေးရေးကော်မတီဉက္က ဦးမျိုးမင်းသိန်းနှင့်အဖွဲ့ဝင်များက ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် တိုင်းဒေသကြီးခွင့်ပြုရန်ပုံ ငွေကျပ် (၁၂.၅၀)သန်းဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှဆောင်ရွက်လျက်ရှိသည့် ခွာညိုလမ်း ကျောက်ခင်းခြင်းလုပ်ငန်း(၂၆၀ပေ x ၁၂ပေ x ၉လက်မ) ဆောင်ရွက်နေမှုအား ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သက်နောင်ဦး(ငါန်းဇွန်)