ချမ်းမြသာစည် ဒီဇင်ဘာ ၁၀
မန္တလေးတိုင်းဒေသကြီးအတွင်း တာဝန်ထမ်းဆောင်လျက်ရှိသော ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများအနက် နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသူများကို ဒီဇင်ဘာ ၈ ရက်နေ့က မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာန၊ ဘတ်စကတ်ဘောအားကစားရုံ၌ ကွင်းဆင်းပြုလုပ်ပေးခဲ့သည်။
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် စတင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးနိုင်ရန်အတွက် မန္တလေးတိုင်းဒေသကြီးအတွင်း တာဝန်ထမ်းဆောင်လျက်ရှိသော ဌာနဆိုင်ရာများမှ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများအနက် အသက် ၁၈နှင့်အထက် နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသူ/ပျောက်ဆုံး/ပျက်စီးသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများကို အောင်မြေသာဇံ၊ ပုသိမ်ကြီး၊ မတ္တရာ၊ မဟာအောင်မြေ၊ ချမ်းအေးသာဇံ၊ ချမ်းမြသာစည်၊ ပြည်ကြီးတံခွန်၊ အမရပူရနှင့် မိုးကုတ် မြို့နယ်တို့မှ ဝန်ထမ်းများ လာရောက်ပြုလုပ်ပေးလျက်ရှိပြီး သက်ဆိုင်ရာ ခရိုင်နှင့် မြို့နယ်များမှ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိသည်။
အဆိုပါ ကွင်းဆင်းပြုလုပ်ပေးနေမှုကို တိုင်းဒေသကြီးဦးစီးမှူး ညွှန်ကြားရေးမှူး ဦးစိုးလွင်နှင့် ခရိုင် ဦးစီးမှူးများ၊ မြို့နယ်ဦးစီးမှူးများက လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
အလင်းသစ်(ချမ်း/စည် ပြန်/ဆက်)