လိပ်သို ဒီဇင်ဘာ ၁၀
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ခရစ်သက္ကရာဇ် (၂၀၂၅) ခုနှစ်၊ ဒီဇင်ဘာလ (၂၅) ရက်နေ့တွင် ကျရောက်မည့် ခရစ္စမတ်ပွဲတော်အကြို ဂိုဏ်းပေါင်းစုံဆုတောင်းဝတ်ပြုပွဲကို အဆိုပါကျောင်းရှိ နှင်းဆီဆောင်တွင် ယမန်နေ့နံနက် ၉ နာရီက ပြုလုပ်ကျင်းပရာ စိန်ပေါလ်ရဟန်းဖြစ်သင်ကျောင်းမှ ကျောင်းထိုင်ဘုန်းတော်ကြီး Rev.Fr ရောကိုအောင်ကျော်ဉီး၏ အဖွင့်ဆုတောင်းမေတ္တာဖြင့် အခမ်း အနားကို စတင်ခဲ့ကြောင်း သိရသည်။
ဆုတောင်းပွဲတွင် မူလတန်း ကျောင်းသား/ ကျောင်းသူများက ခရစ္စမတ်အဓိပ္ပါယ် သီချင်းဖြင့် သီဆိုချီးမွမ်းခြင်း၊ ဧဝံဂေလိနှစ်ခြင်းအသင်းတော်ဆရာ စောဒေးဗစ်ကျော်ဇင်ဉီးက ခရစ္စမတ်အဓိပ္ပါယ်နှင့် ခရစ္စမတ်သတင်းကောင်းများကို ဝေငှမြွက်ကြားခြင်း၊ စိန်ပေါလ်ရဟန်းဖြစ်သင်ကျောင်းမှ Rev.Fr ရောကို အောင်ကျော်ဉီးက ခရစ္စမတ်သတင်းကောင်း ဝေငှမြွက်ကြားပေးခြင်းနှင့် ကျောင်းတော်ကြီးကို မင်္ဂလာရေ ပက်ဖျန်းပေးခဲ့သည်။
ထို့နောက် Rev.Fr ရောကိုအောင်ကျော်ဉီးက ကျောင်းသား/ကျောင်းသူများနှင့် ဆရာ/ဆရာမများအားလုံးအတွက် အထူးဆုတောင်းပေးခြင်းနှင့် ခရစ္စမတ်ကောင်းချီး မင်္ဂလာပေးခြင်း၊ မူလတန်း ကျောင်းသား/ ကျောင်းသူများက “သန့်ရှင်းသော ခရစ္စမတ်” အပိတ်သီချင်း သီဆိုချီးမွမ်းခြင်းတို့ဖြင့် ဆုတောင်းဝတ်ပြုပွဲ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
နော်ဖလောရင်း