ရန်ကုန် ဒီဇင်ဘာ ၁၀
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ လှိုင်မြို့နယ် ရွှေပိတောက်ငါးဈေးတွင် ရေစီးရေလာကောင်းမွန်စေရေးနှင့် အနံ့အသက်များ ကင်းစေရေးအတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အလုပ်သမားများက ဈေးအတွင်း/အပြင် ရေမြောင်းများ တူးဖော်ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ဈေးများနှင့် ကုန်စည်ပွဲရုံများဌာန၊ မရမ်းကုန်းခရိုင်မှူး ဦးဝေလင်း ကြီးကြပ်မှုဖြင့် ဈေးတာ၀န်ခံဦးဆောင်၍ ၀န်ထမ်းများ၊ အလုပ်သမားများက လှိုင်မြို့နယ်ရှိ ရွှေပိတောက်ငါးဈေး၏ သန့်ရှင်းရေး၊ ရေစီးရေလာကောင်းမွန်စေရေးနှင့် အနံ့အသက်ကင်းစင်ရေးအတွက် ဈေးများနှင့် ဈေးအတွင်းရှိ ရေမြောင်းများကို ရေကားဖြင့် ရေဆေးရှင်းလင်းခြင်းများအား ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သက်လွင်စိုး (ပြန်/ဆက်)