ညောင်ဦး ဒီဇင်ဘာ ၁၀
ညောင်ဦးမြို့၌ မကြာမီကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အသက် ၁၈ နှစ်နှင့်အထက် မဲပေးပိုင်ခွင့်ရှိသည့် နိုင်ငံသားတိုင်း နိုင်ငံသားအခွင့်အရေး မဆုံးရှုံးစေရန် ပြည်သူများအားလုံးပါဝင်၍ ဆန္ဒမဲပေးနိုင်ရေး အသိပညာပေးနှိုးဆော်သည့် ဒို့အတူတူ မဲပေးကြမယ် လက်ကမ်းစာစောင်များကို ယနေ့နံနက် ၁၁ နာရီက လူစည်းကားရာ နေရာများတွင် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ဒို့အတူတူမဲပေးကြမယ် ရွေးကောက်ပွဲမှသည် ပိုမိုကောင်းမွန်သော အနာဂတ်ဆီသို့ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို လမ်းသွားလမ်းလာဖြတ်သန်းသွားလာနေကြသည့် ဒေသခံပြည်သူများ၊ ခရီးသွားပြည်သူများထံနှင့် ကျောင်းသား/ ကျောင်းသူများ၊ လူစည်ကားရာနေရာများဖြစ်သည့် မဏိစည်သူဈေး၊ ဘုန်းစည်ဈေး၊ ညောင်ဦး-ကျောက်ပန်းတောင်-ပုဂံမြို့သစ်သွား လေဆိပ်လမ်းဆုံတို့တွင် ညောင်ဦးမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းလှိုင်တင့်နှင့်ဝန်ထမ်းများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့အသင်းဝင်များ၊ လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဝန်ထမ်းများ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ဝန်ထမ်းများက ဖြန့်ဝေပေးခဲ့ကြောင်း၊ ယခင်ရက်များကလည်း ဖြန့်ဝေပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။
ဒီပါလင်း