ပြည်ကြီးတံခွန် ဒီဇင်ဘာ ၁၀
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ပြည်ကြီးတံခွန်မြို့နယ်တွင် မီးလောင်မီးလန့်မှုများမပေါ်ပေါက်စေရေးအတွက် ဒီဇင်ဘာ ၈ ရက်နေ့ နံနက်ပိုင်းက စတင်၍ ချမ်းမြသာယာရပ်ကွက်၌ မီးဘေးကြိုတင်ကာကွယ်ရေးအတွက် ဇာတ်တိုက်သရုပ်ပြလေ့ကျင့်ခြင်းများ ဆောင်ရွက်ခဲ့သည်။
အဆိုပါ ဇာတ်တိုက်သရုပ်ပြလေ့ကျင့်ရာတွင် ခရိုင်မီးသတ်ဦးစီးမှူး ဦးမင်းမင်းစိုး၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်ကျော်ဦး၊ မန္တလေးမြို့ မြို့နယ်မီးသတ်ဦးမှူးများနှင့် သန္ဓေ ၃၅ ဦး၊ အရန် ၅၀ ဦး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးထင်လင်းစိုး၊ မြို့နယ်ရဲမှူး ဦးဇေယျာသန်း၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးများ၊ ရပ်ကွက်အတွင်းရှိ ပြည်သူများပူးပေါင်းကာ ချမ်းမြသာယာရပ်ကွက် ရွှေညောင်ပင်ကွက်စိတ်တွင် မီးဘေးကြိုတင်ကာကွယ်ရေးအတွက် ဇာတ်တိုက်သရုပ်ပြလေ့ကျင့်ခြင်းများ ပြုလုပ်ခဲ့ပြီးတိုင်းဒေသကြီး မီးသတ်ဦးစီးမှူး ဦးဇော်၀င်းထွန်းမှ လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ဇင်မင်းမောင် (ပြန်/ဆက်)