တွံတေးမြို့နယ်တွင် "ဒို့အတူတူမဲပေးကြမယ်" ရွေးကောက်ပွဲလှုံ့ဆော် အသိပညာပေး Campaign ဆောင်ရွက်

တွံတေး ဒီဇင်ဘာ ၁၀

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်အနေဖြင့် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်ရေးအတွက် ရွေးကောက်ပွဲတွင် ပြည်သူများ ပိုမိုပါဝင်မဲပေးနိုင်ရေး “ဒို့အတူတူမဲပေးကြမယ်” ရွေးကောက်ပွဲလှုံ့ဆော်မှုများကို ယနေ့နံနက်ပိုင်းက မြို့မစျေးနှင့် သင်္ဘောဆိပ်တို့တွင် ဆက်လက်၍ ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ စျေးသစ်ရပ်ကွက်ရှိ စည်ပင်သာယာမြို့မစျေးနှင့် သင်္ဘောဆိပ်တို့တွင် "ဒို့အတူတူမဲပေးကြမယ်" ရွေးကောက်ပွဲလှုံ့ဆော်အသိပညာပေး Campaign ဆောင်ရွက် အသိပညာပေးခြင်းများ ဆောင်ရွက်၍ ပြည်သူများမဲရုံများသို့ သွားရောက်မဲပေးနိုင်ရေး လှုံ့ဆော်မှုများ ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါပြည်သူများထံသို့ အသိပေးလှုံ့ဆော်မှုများကို၂၀၂၅ ခုနှစ် ဒီဇင်ဘာလ (၄) ရက်နေ့မှ စတင်၍ အရှိန်အဟုန်မြှင့်ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မျိုးလှိုင်