ရွှေပြည်သာ ဒီဇင်ဘာ ၁၀
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ ရွှေပြည်သာမြို့နယ်တွင် အကြမ်းဖက်ဖြစ်စဉ်များကြောင့် အခြားတိုင်းဒေသကြီး၊ ပြည်နယ်များမှ မင်္ဂလာဒုံခရိုင်၊ ရွှေပြည်သာမြို့နယ်အတွင်းသို့ ပြောင်းရွှေ့ရောက်ရှိလာသည့် ယာယီနေရပ်စွန့်ခွာပြည်သူများအတွက် တတိယအကြိမ် ထောက်ပံ့ငွေများပေးအပ်ပွဲကို ယနေ့နံနက် ၉ နာရီက ရွှေပြည်သာမြို့နယ် အ.ထ.က (၁) ရွှေပြည်ရတနာခန်းမ၌ ကျင်းပပြုလုပ်သည်။
ပေးအပ်ပွဲတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်ဦးက အဖွင့်အမှာစကားပြောကြားပြီး ထောက်ပံ့ငွေများကို မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်ဦးနှင့် အဖွဲ့၀င်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာ၀န်ရှိသူများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ယဉ်မေသွယ်နှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ၊ ယာယီနေရပ်စွန့်ခွာပြည်သူများ စုစုပေါင်း (၄၀၀) ဦးခန့် တက်ရောက်ကြောင်း သိရသည်။
ရွှေပြည်သာမြို့နယ်အနေဖြင့် ယာယီနေရပ်စွန့်ခွာပြည်သူ (၂၆၂၉) ဦးအား တစ်လအတွက် တစ်ဦးလျှင် ထောက်ပံ့ငွေကျပ် နှစ်သောင်းနှုန်းဖြင့် ဇူလိုင်လ၊ ဩဂုတ်လနှင့် စက်တင်ဘာလတို့အတွက် ထောက်ပံ့ငွေစုစုပေါင်း (၁၅၇၇၄၀၀၀၀) ကျပ်ဖြစ်ကြောင်းနှင့် အဆိုပါထောက်ပံ့ငွေများကို အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့ပေးခြင်းဖြစ်ကြောင်း သိရှိရသည်။
အေးမိုး (ပြန်/ဆက်)