ပြည်ကြီးတံခွန် ဒီဇင်ဘာ ၁၀
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၌ မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်စေရေးအတွက် တာဝန်ရှိသူများက တိုက်ဆိုင်စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ တိုက်ဆိုင်စစ်ဆေးရာတွင် ဒုတိယအကြိမ် မဲစာရင်းကြေညာပြီးနောက် မဲစာရင်းတွင်ပါဝင်ခြင်းမရှိသဖြင့်ပုံစံ(၃)၊ ပုံစံ(၄)နှင့် ပုံစံ၄(ဂ) လျှောက်ထားသူများအား ၎င်းတို့ လျှောက်ထားသည့် လျှောက်လွှာပါအချက်အလက်များနှင့် ပတ်သက်၍ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးရှိ Sever ဖြင့် တိုက်ဆိုင်စစ်ဆေးဆောင်ရွက် ခြင်းများ ပြုလုပ်လျက်ရှိရာသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းမင်းထွန်း၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးအောင် သွင်၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးဝင်းထွန်းကျော်နှင့်အဖွဲ့ဝင်များမှ ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ မှာကြားကာ ဆောင်ရွက်ခဲ့ပါကြောင်း သိရသည်။
ဇင်မင်းမောင် (ပြန်/ဆက်)