ခရမ်း ဒီဇင်ဘာ ၁၀
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအခမ်းအနား လူငယ်ရေးရာဟောပြောပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ဉာဏစွမ်းရည်ပြိုင်ပွဲများကို ယနေ့နံနက် (၁ဝ) နာရီက ခရမ်းမြို့ ရွှေဘိုစုကျေးရွာ အ.လ.က (ခွဲ) ကျောင်းခန်းမ၌ ကျင်းပခဲ့ပါသည်။
အခမ်းအနားတွင် အ.လ.က ခွဲ (ရွှေဘိုစု) ကျောင်းမှ ကျောင်းအုပ်ဆရာမ ဒေါ် အေးငြိမ်းကျော်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်နှင်းဝေက စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအခမ်းအနားကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ပြောကြားခဲ့ပါသည်။ ထို့နောက်လူငယ်နှင့် စာဖတ်ခြင်း၏ အကျိုးကျေးဇူးခေါင်းစဉ်ဖြင့် ဟောပြောခဲ့ကြောင်း သိရသည်။
ဆက်လက်၍ မြို့နယ်တိုင်းရင်းဆေးကုဌာန၊ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်လှမြတ်ထက်က လူငယ်နှင့်ကျန်းမာစွာ နေထိုင်နည်းများအကြောင်းကို ဟောပြောခဲ့ပါသည်။
ထို့နောက် ကဗျာရွတ်ဆိုပြောပြိုင်ပွဲ၊ ဉာဏစွမ်းရည်ပြိုင်ပွဲနှင့် ဂိမ်းကစားပြိုင်ပွဲများ ကိုဆက်လက်ကျင်းပရာ ကျောင်းသား၊ ကျောင်းသူများက ၀င်ရောက်ယှဉ်ပြိုင်ကြပြီး ပြိုင်ပွဲတွင်ဆုရရှိသူများအား တာ၀န်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သတင်းရရှိသည်။
ခရမ်း (ပြန်/ဆက်)