ညောင်ဦးမြို့နယ်တွင် နေ့စဉ် ဘုရားဖူးခရီးသွား ၅၀၀၀ ကျော်လာရောက်လည်ပတ်

ညောင်ဦး ဒီဇင်ဘာ ၁၀

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်အတွင်းရှိ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း ဒေသခံပြည်သူများနှင့် မြန်မာပြည်အရပ်ရပ်မှ နေ့စဉ်ဘုရားဖူး လည်ပတ်သူ ၅၀၀ ကျော်ခန့် ဝင်ရောက်လျက်ရှိကြောင်းသိရသည်။

ညောင်ဦးမြို့ပေါ်တွင် ဒေသခံပြည်သူများ ပုံမှန်သွားလာလုပ်ကိုင်သွားလာလျက်ရှိပြီး၊ မြန်မာပြည်အရပ်ရပ်ကဘုရားဖူးများလည်း ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေအတွင်းရှိ ဘုရားများတွင်လည်း ဘုရားဖူးများဖြင့် စည်းကားလျက်ရှိနေကြောင်း သိရသည်။

ပုံမှန်ဘုရားဖူးများပြားလျက်ရှိသည့် ရွှေစည်းခုံဘုရား၊ အလိုတော်ပြည့်ဘုရား၊ ထီးလိုမင်းလို၊ ဗူးဘုရား၊ ဓမ္မရံကြီး၊ စူဠာမဏိ၊ မနုဟာ၊ မြစေတီ၊ လောကနန္ဒာစွယ်တော်မြတ်စေတီ၊ တုရင်းတောင်စွယ်တော်မြတ်စေတီ၊ ငှက်ပစ် တောင်ဘုရားနှင့် ရှင်အဇ္ဇဂေါဏဘုရား၊ သဗ္ဗညုဘုရား၊ ရွှေဆံတော်ဘုရားနှင့်ဓမ္မရာဇကဘုရားတို့တွင် ဘုရားဖူးများဖြင့် ပုံမှန်စည်ကားလျက်ရှိနေကြောင်း၊ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း ရောင်းချလျက်ရှိသည့် စားသောက်ဆိုင်များ၊ E-bike ငှားရမ်းသူများ၊ မြင်းလှည်းအငှားလိုက်သူများ၊ ပြည်တွင်းဧည့်လမ်းညွှန်များလည်း ခရီးသွားဧည့်သည်များပြားမှုကြောင့် အဆင်ပြေလျက်ရှိကြောင်း ဘုရား (၁၈) ဆူ ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ တာဝန်ရှိသူများထံက သိရသည်။

ဒီပါလင်း