ပုသိမ်ကြီး ဒီဇင်ဘာ ၁၀
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်တွင် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်နှင့် စတစ်ကာများဖြန့်ဝေခြင်းကို ယနေ့နံနက် ၇ နာရီခွဲက မြို့အဝင်နာရီစင်အနီး၌ ကျင်းပရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဦးညွန့်ဆန်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးစည်သူနှင့်အဖွဲ့ဝင်များ၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇင်မျိုးအောင်နှင့်ဝန်ထမ်းများ၊ မြို့နယ်ဌာနဆိုင်ရာ ဝန်ထမ်းများ စုစုပေါင်း (၇၀) ဦးဖြင့် အသိပညာပေး ဆောင်ရွက်ခဲ့ကြသည်။
၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ နီးကပ်လာသည်နှင့်အမျှ နိုင်ငံသားတိုင်းရွေးကောက်ပွဲတွင်ပါဝင်မဲပေးနိုင်ရေး၊ ရွေးကောက်ပွဲလှုံ့ဆော်မှုအနေဖြင့် campaign ဆောင်ရွက်ရာတွင် ဒို့အတူမဲပေးကြမည် လက်ကမ်းစာစောင် ၁၀၀၀ နှင့် စတစ်ကာ ၂၀၀ တို့ကို ဖြန့်ဝေခဲ့ကြောင်း သိရသည်။
ဇာနည်ကိုကို(ပြန်/ဆက်)