သာယာဝတီမြို့နယ်၌ “ဒို့အတူတူမဲပေးကြမယ်”ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေ 

သာယာဝတီ ဒီဇင်ဘာ ၁၀

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၌ “ဒို့အတူတူမဲပေးကြမယ်”ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များကို ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများက ယမန်နေ့ နံနက်ပိုင်းက လူစည်ကားရာနေရာ ဈေးများ၊ ကားဂိတ်များတွင် ဖြန့်ဝေပေးခဲ့သည်။ 

အဆိုပါ လက်ကမ်းစာစောင်တွင် “ဒို့အတူတူမဲပေးကြမယ်၊ ရွေးကောက်ပွဲမှသည် ပိုမိုကောင်းမွန်သော အနာဂတ်ဆီသို့၊ ဒီမိုကရေစီကို ပြန်လည်ဖော်ဆောင်ဖို့အတွက် ရွေးကောက်ပွဲမှလွဲ၍ အခြားနည်းမရှိပါ၊ ပြည်သူများလိုလားသည့် ဒီမိုကရေစီနိုင်ငံတော်ကို ရွေးကောက်ပွဲဖြင့်သာ ဖော်ဆောင်နိုင်ပါသည်၊ ဒီမိုကရေစီခိုင်မြဲဖို့ မဲရုံသွားပြီး မဲပေးကြပါစို့” စသည့် အကြောင်းအရာများ ပါဝင်သည့် အသိပညာပေးလက်ကမ်းစာစောင်များကို စျေးရောင်း/စျေးဝယ်လာပြည်သူများအား လက်ဝယ်အရောက် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)