သံတောင်ကြီးမြို့နယ်တွင် မြို့နယ်ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်

သံတောင်ကြီး  ဒီဇင်ဘာ ၉

ကရင်ပြည်နယ်၊ သံ‌တောင်ကြီးမြို့နယ်တွင် မြို့နယ်ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၉) နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဦးစွာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဉက္ကဋ္ဌ ဦး‌စောဖရစ်မှ အမှာစကားပြောကြားပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးစောတီမသေက မဲစာရင်းနှင့်စပ်လျဉ်း၍ ကော်မရှင်အဖွဲ့ခွဲများက ဆုံးဖြတ်ဆောင်ရွက်ခြင်းနှင့် သက်ဆိုင်သည့် အကြောင်းအရာများ၊ အီလက်ထရောနစ်မဲပေးစက်ဖြင့် ဆန္ဒမဲပေးခြင်းဆိုင်ရာ အကြောင်းအရာများ၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအား အောင်မြင်စွာဆောင်ရွက်နိုင်ရေးအတွက် ကြီးကြပ်ကွပ်ကဲနိုင်ရန် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများအား  တာဝန်ခွဲဝေချထားမှုများ စသည်တို့အား ဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာသည့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များက သိရှိလိုသည်များအား မေးမြန်းရာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဉက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့က အပြန်အလှန်ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။

နော်နော်မူ