မဟာလောကရန်နှိမ် အောင်တော်မူမြတ်စွာဘုရား၌ (၁၄၁)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကျင်းပ

ချမ်းအေးသာစံ ဒီဇင်ဘာ ၁၀

ချမ်းအေးသာစံမြို့နယ် ပြည်ကြီးမျက်မှန်ရပ်ကွက်ရှိ မဟာလောကရန်နှိမ် အောင်တော်မူမြတ်စွာဘုရား၌ (၁၄၁)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်နှင့် သံဃာတော်အပါး (၅၅၀) ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ပွဲအခမ်းအနားကို ဒီဇင်ဘာ ၈ ရက်က ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ  မြို့နယ်သံဃနာကအဖွဲ့ဥက္ကဋ္ဌ ဦးဝီဒူရ၊ သုံးထပ်စာချကျောင်း ဆရာတော် ဘဒ္ဒန္တဝိဓူရ၊ အောင်တော်မူဘုရား သြဝါဒါစရိယ၊ ရေတော်ဆရာတော် အရှေ့ပြင် ဆင်တဲတိုက်၊ သာသနာလင်္ကါရကျောင်း ပဓာနနာယက ဘဒ္ဒန္တဣဿရာလင်္ကါရာဘိဝံသတို့ အမှူးပြုသည့် ပင့်သံဃာတော် ၅၅၀ ပါးတို့အား အလှူရှင်များက  သံဃဒါန ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ စုပေါင်းလောင်းလှူခဲ့ကြသည်။

ဗုဒ္ဓပူဇနိယပွဲတော်နှင့် သံဃာတော်အပါး (၅၅၀) ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ပွဲ အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမျိုးအောင်နှင့် တိုင်းအစိုးရအဖွဲ့ဝန်ကြီးများ၊ ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဒုဥက္ကဋ္ဌနှင့် ဂေါပကအဖွဲ့ဝင်များ၊ အလှူရှင်များ တက်ရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

ချမ်းမြေ့မောင်(ချမ်း/စံ)