လိပ်သို ဒီဇင်ဘာ ၁၀
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသသည် တောင်ပေါ်ဒေသဖြစ်သည့် အားလျော်စွာ ဥယျာဉ်ခြံလုပ်ငန်းနှင့် တောင်ယာလုပ်ငန်းကို အဓိကထားလုပ်ကိုင်ကြရာ ဆောင်းရာသီကာလ နနွင်းတက်များ စတင်တူးဖော်ရောင်းချချိန် ဈေးကောင်းရလျက်ရှိနေ ကြောင်း သိရသည်။
ဒေသခံများမှာ ဆောင်းရာသီကာလ မိသားစုအပိုဝင်ငွေရရှိစေရန် မိုးဦးမကျမီကာလတွင် တောင်ယာခင်းများကို မီးရှို့ပြီး မိုးဦးကျစတွင် နနွင်းများကို စတင်စိုက်ပျိုးကြောင်း၊ အဆိုပါ နနွင်းခင်းများကို ဒီဇင်ဘာလမှစတင်၍ တူးဖော်ရောင်းချလျက်ရှိနေကြောင်း သိရသည်။
နနွင်းများကို တူးဖော်ပြီး နနွင်းဦးခေါင်းများကိုဖယ်ကာ နနွင်းတက်များကို ဖဲ့ယူရကြောင်း၊ ဖဲ့ယူရရှိလာသော နနွင်းတက်များကို အချို့မှာ အစိုအတိုင်းရောင်းချကြကြောင်း၊ အများစုမှာ နနွင်းတက်များကိုပြုတ်ပြီး အခြောက်လှန်းကာ ရောင်းချကြကြောင်း၊ လိပ်သိုမြို့ပေါ်၌ နနွင်းတက်အစို တစ်ပိဿာလျှင် (၁၅၀ဝိ/−) ကျပ်နှင့် နနွင်းတက်အခြောက် တစ်ပိဿာလျှင် (၁၅၀၀ဝိ/−) ကျပ် စျေးရရှိနေကြောင်း နနွင်းစိုက်ပျိုး ရောင်းချသူတစ်ဦးထံမှ သိရသည်။
နော်ဖလောရင်း