ကျောက်ပန်းတောင်းမြို့၌ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ကျင်းပ

ကျောက်ပန်းတောင်း ဒီဇင်ဘာ ၁၀

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၌ ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုး တိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို ဒီဇင်ဘာ ၇ ရက် နံနက် ၈ နာရီခွဲက ကျောက်ပန်းတောင်းမြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးအောင်ကျော်မိုးနှင့် ကျောက်ပန်းတောင်းတပ်နယ်မှူး ဗိုလ်မှူးချုပ်ဟိန်းဆက်၊ ညောင်ဦး ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ  ဦးကျော်မင်းညိုနှင့် ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသန်းလွင်နှင့်အဖွဲ့ဝင်များ၊ ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဒေါ်ဝေဝေဖြိုးနှင့် ခရိုင်နှင့်မြို့နယ်ဝန်ထမ်းများ၊ မန္တလေးတိုင်းဒေသကြီးပညာရေးမှူး ဦးအောင်ဆွေဦး၊ ခရိုင်နှင့်မြို့နယ်ပညာရေးဝန်ထမ်းများ၊  မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ အခြေခံပညာနှင့်ကိုယ်ပိုင်ကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။

ရှေးဦးစွာ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းရှေ့ရှိ မုဒ်ဦးကို လူမှုရေးရာဝန်ကြီး ဦးအောင်ကျော်မိုး၊ တပ်နယ်မှူးဗိုလ်မှူးချုပ်ဟိန်းဆက်၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဒေါ်ဝေဝေဖြိုး၊ မန္တလေးတိုင်းဒေသကြီး ပညာရေးမှူး ဦးအောင်ဆွေဦး၊ ညောင်ဦးခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်မင်းညို၊ ကျောက်ပန်းတောင်းမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသန်းလွင်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။

ထို့နောက် ဘင်ခရာအဖွဲ့၊ ပန်းပွားအဖွဲ့၊ ကဗျာလွတ်အကအဖွဲ့ စသည်ဖျော်ဖြေရေးအဖွဲ့များကို တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ကြသည်။

ဆက်လက်၍ ဖွင့်ပွဲအစီအစဉ်ကို မြို့နယ်အားကစားခန်းမအတွင်း ကျင်းပရာ အ.ထ.က (၁) မှ ကျောင်းသား၊ ကျောင်းသူများက အလှဆုံးပန်းများပွင်ကြပြီ သီချင်းဖြင့် သီဆိုဖွင့်လှစ်ပြီး၊ စာဖတ်ရှိန်မြှင့်တင်ရေးဆိုင်ရာ နိုင်ငံအကျိုးအတွက် မှန်းမျှော်ရည် ခိုင်မာတိုးတက်စေရမည် Video Clip ကို ပြသသည်။

ဆက်လက်၍ တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးအောင်ကျော်မိုးက အဖွင့်အမှာစကား ပြောကြားပြီး၊ အခြေခံပညာကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများက အကအလှများဖြင့် ဧည့်ခံဖျော်ဖြေကြသည်။

ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဒေါ်ဝေဝေဖြိုးက အ.ထ.က (၁) ကျောင်းစာကြည့်တိုက်အတွက် စာအုပ်များကို ပေးအပ်လှူဒါန်းရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်နိုင်နိုင်ဝင်းက လက်ခံရယူ၍ ညောင်ဦးခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်မင်းညိုက စာရေးဆရာ ရွှေအောင်သင်းကို ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ပြီး ဖွင့်ပွဲအခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

ယင်းနောက် တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများသည် ကျောင်းဝန်းအတွင်း ခင်းကျင်းပြသထားသည့် လှပသာယာပြည်မြန်မာ ရောင်စုံဓာတ်ပုံပြပွဲ၊ ကလေးစာဖတ်ခန်း၊ ပုံပြင်ပြောပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲ၊ လူငယ်စကားဝိုင်း၊ ကျောင်းစာကြည့် တိုက်များနှင့် ဌာနဆိုင်ရာပြခန်းများ၊ အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းပြခန်းများကို လှည့်လည်ကြည့်ရှုကြရာ တိုင်းဒေကြီးဦးစီးမှူး ဒေါ်ဝေဝေဖြိုးနှင့်တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသကြသည်။

အဆိုပါ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်သို့ ညောင်ဦးခရိုင် အဆင့်ဌာနဆိုင်ရာများ၊ ကျောက်ပန်းတောင်းမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများ၊ အခြေခံပညာကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများမှ ကျောင်းအုပ်ကြီးများနှင့် ဆရာ/ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ကျောင်းသားမိဘများ၊ အားကစားဝါသနာရှင်များ၊ စုစုပေါင်းအင်အား ၁၂၀၀၀ ဦး တက်ရောက်ခဲ့ပြီး စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အား စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။

ဒီပါလင်း