သာစည် ဒီဇင်ဘာ ၁၀
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနက ကျင်းပပြုလုပ်သော (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ရပ်ကွက်/ကျေးရွာအုပ်စုပေါင်းစုံ အလွတ်တန်း(အမျိုးသား) ဘောလုံးပြိုင်ပွဲ အုပ်စုပွဲစဉ်များကို ဒီဇင်ဘာ ၇ ရက် ညနေ့က စတင်ယှဉ်ပြိုင်ကြကြောင်း သိရသည်။
အုပ်စုပြိုင်ပွဲ အဖွင့်ပွဲစဉ်အဖြစ် အုပ်စု (က) မှ အမှတ် (၄) ရပ်ကွက်အသင်းနှင့် ဟံဇားကျေးရွာအသင်းတို့ ယှဉ်ပြိုင်ကစားရာ ဟံဇားအသင်းက လေးဂိုးတစ်ဂိုးဖြင့် အနိုင်ရရှိကြောင်း သိရသည်။
အဆိုပါဘောလုံးပြိုင်ပွဲတွင် အသင်း ၁၄ သင်းပါဝင်ပြီး အုပ်စုလေးစုခွဲကာ အုပ်စုပတ်လည်အဆင့်၊ ရှုံးထွက်အဆင့်၊ အကြိုဗိုလ်လုပွဲစဉ်များ ယှဉ်ပြိုင်ကစားကြမည်ဖြစ်ကာ ဗိုလ်လုပွဲကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၃ ရက်နေ့၌ ယှဉ်ပြိုင်ကစားမည်ဖြစ်ကြောင်း သိရသည်။
ပြိုင်ပွဲမှ ပထမရရှိသောအသင်းအား ဆုငွေ (၈) သိန်းကျပ်၊ ဆုဖလားနှင့် ရွှေတံဆိပ်ဆွဲပြား၊ ဒုတိယရရှိသောအသင်းအား ဆုငွေ (၅) သိန်းကျပ်နှင့်ငွေတံဆိပ်ဆွဲပြား၊ နေရာအလိုက် အကောင်းဆုံးဆုများကို (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အခမ်းအနားတွင် ချီးမြှင့်သွားမည်ဖြစ်ကြောင်း နည်းစနစ်မှူး ဦးဟိန်းဇာထွန်းထံက သိရသည်။
မြို့နယ်(ပြန်/ဆက်)