မြင်းခြံ ဒီဇင်ဘာ ၁၀
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အသက် ၁၈ နှစ်နှင့်အထက် မဲပေးပိုင်ခွင့်ရှိသည့် နိုင်ငံသားတိုင်း နိုင်ငံသားအခွင့်အရေးမဆုံးရှုံးစေရန် ဆန္ဒမဲပေးနိုင်ရေးအတွက် “ဒို့အတူတူမဲပေးကြမယ်” ဆိုင်းဘုတ်များ စိုက်ထူခြင်းကို ဒီဇင်ဘာ ၈ ရက်နေ့ နံနက် ၉ နာရီက ပြုလုပ်ခဲ့သည်။
“ဒို့အတူတူ မဲပေးကြမယ်” ဆိုင်းဘုတ်များကို အမှတ် (၂) ရပ်ကွက် ဗိုလ်ချုပ်လမ်းထောင့်နှင့် အဝေးပြေးကားကြီးကွင်း လမ်းဆုံတို့တွင် စိုက်ထူခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့သည်။
အဆိုပါ ဆိုင်းဘုတ်များ ထိုက်ထူရာတွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းမင်းထွန်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးထွဋ်နှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှတာဝန်ရှိသူများ၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ချစ်ဦးနွေ(မြင်းခြံ)