ပျော်ဘွယ် ဒီဇင်ဘာ ၁၀
ပျော်ဘွယ်မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏ဦးဆောင်မှု၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်နှင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်းပါဝင်သည့်အဖွဲ့သည် ရွေးကောက်ပွဲဆိုင်ရာအသိပညာပေး ဆိုင်းဘုတ်များစိုက်ထူခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ဒီဇင်ဘာလ ၇ ရက်ညနေ ၃ နာရီခွဲက လူစည်ကားသည့် ဘူတာရုံ၊ ကားဂိတ်၊ ဈေးအရောင်းဆိုင်များသို့ သွားရောက်ဆောင်ရွက်ခဲ့ကြသည်။
ထိုကဲ့သို့ ဆောင်ရွက်ရာတွင် မြို့နယ်ဒုတိယအုပ်ချုပ်ရေးမှူး ဦးကျော်ကျော်ဆန်းနှင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်းပါဝင်သောအဖွဲ့သည် ပြည်သူအာလုံးပါဝင်၍ ဆန္ဒမဲပေးနိုင်ရန် “ဒို့အတူတူမဲပေးကြမယ်”ဟူသော ရည်ရွယ်ချက်(၄) ရပ်ပါဝင်သည့် အသိ ပညာပေးဆိုင်းဘုတ်ကို လူစည်ကားသည့်နေရာများတွင် စိုက်ထူပေးခဲ့ကြပြီးလက်ကမ်းစာစောင်များကို ပြည်သူများထံ ဖြန့်ဝေပေးခြင်း၊ ဈေးအရောင်းဆိုင်နံရံများတွင် ကပ်ထားကြေညာခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မင်းမင်းထွေး(ပျော်ဘွယ်)