မြစ်သားမြို့နယ်အတွင်းရှိ KTV ဆိုင်များ မီးဘေးလုံခြုံ‌ရေး စစ်ဆေးဆောင်ရွက်

မြစ်သား ဒီဇင်ဘာ ၁၀

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်အတွင်းရှိ KTVဆိုင်များအား ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်၍ မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ဒီဇင်ဘာ ၈ ရက်နံနက်ပိုင်းက  မြို့နယ်မီးသတ်ဦးစီးဌာနက စစ်ဆေး‌ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်မင်းကျော်နှင့်ဝန်ထမ်းများက KTV ဆိုင်များအတွင်း မီး‌လောင်မှု မီးလန့်မှုများမဖြစ်ပွားစေရေး၊ မီးသတိမူရေး၊ မီးဘေးကြိုတင်ကာကွယ်ရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးဘေးလုံခြုံရေးဆိုင်ရာတို့ကို ကွင်းဆင်းစစ်ဆေးဆောင်ရွက်ပြီး လိုအပ်သည်များကိုလမ်းညွန် မှာကြားခဲ့ကြောင်း သိရသည်။

 ဝါဝါမြင့် (မြစ်သား)