လက်ပံတန်း၌ အဆိုးဝါးဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေး အသိပညာပေးဟောပြောပွဲကျင်းပ

လက်ပံတန်း ဒီဇင်ဘာ ၁၀

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့တွင် အဆိုးဝါးဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးအသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီက မအူကုန်ရပ်ကွက် လူငယ်ဖွံ့ဖြိုးရေးဂေယာတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ လက်ပံတန်းမြို့နယ် လူမှုဝန်ထမ်းရုံးမှ ဒုတိယဦးစီးမှူး ဒေါ်သီရိမွန်က ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေများအားလည်းကောင်း၊ ဥပဒေအရ အဆိုးဝါးဆုံးပုံစံဖြင့် ကလေးများအားခိုင်းစေသည့် အလုပ်များအားလည်းကောင်း၊ အဆိုးအဝါးဆုံးပုံစံဖြင့် ကလေးသူငယ်များအား ခိုင်းစေသည့်အတွက် ပြစ်မှု/ပြစ်ဒဏ်များအားလည်းကောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ကြည်မြတ်နွယ်က အလုပ်လုပ်နိုင်သည့် ကလေးအသက်အရွယ်နှင့် ကာကွယ်စောင့်ရှောက်နိုင်ရန် လိုအပ်သောကလေးအမျိုးအစားအားလည်းကောင်း၊ အဆိုးဝါးဆုံးပုံစံဖြင့် ကလေးသူငယ်များအား အလုပ်ခိုင်းစေမှုရှိလာပါက လူမှုဝန်ထမ်းဦးစီးဌာနမှ ကလေးများအတွက် ဆောင်ရွက်ပေးသည့် လုပ်ငန်းများအကြောင်းကို အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)