မဟာအောင်မြေမြို့နယ်အတွင်းရှိ ရပ်ကွက်နေပြည်သူများအနေဖြင့် ၂၀၂၅ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်မဆုံးရှုံးစေရေးနှင့် ရပ်ကွက်များရှိ မဲရုံများအဆင်ပြေ ချောမွေ့မှုရှိစေရေး တာဝန်ရှိသူများ သွားရောက်ကြည့်ရှု

မဟာအောင်မြေ ဒီဇင်ဘာ ၁၀

မဟာအောင်မြေမြို့နယ်အတွင်းရှိ ရပ်ကွက်နေပြည်သူများအနေဖြင့် ၂၀၂၅ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်မဆုံးရှုံးစေရေးနှင့် ရပ်ကွက်များရှိ မဲရုံများအဆင်ပြေချောမွေ့မှုရှိစေရေး ဒီဇင်ဘာ ၈ ရက်နံနက်ပိုင်းက ခရိုင်/မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများက သံလျှက်မှော်အရှေ့ရပ်ကွက်၊ သံလျှက်မှော်အနောက်ရပ်ကွက်၊ စိန်ပန်းရပ်ကွက်၊ ဒေးဝန်းအရှေ့ရပ်ကွက်သို့ သွားရောက်ကြည့်ရှုကြောင်း  သိရသည်။

အဆိုပါ  မဟာအောင်မြေမြို့နယ်အတွင်းရှိ ရပ်ကွက်နေပြည်သူများအနေဖြင့် ၂၀၂၅ ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်မဆုံးရှုံးစေရေးနှင့် မဲရုံများအဆင်ပြေ ချောမွေ့မှုရှိစေရေးအတွက် ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင် ဦးသက်နိုင်နှင့် မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးမျိုးဝင်း၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအတွင်းရေးမှူး ဦးရဲမင်းလွင်နှင့်အဖွဲ့ဝင်များက သွားရောက်ကြည့်ရှုခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

အောင်ဇော်မင်း