ထန်းတပင်မြို့၌ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆) ရက်တာလှုပ်ရှားမှု အထိမ်းအမှတ်အသိပညာပေးဟောပြောပွဲ ကျင်းပ

ထန်းတပင် ဒီဇင်ဘာ ၁၀

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် ထန်းတပင်မြို့၌ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆) ရက်တာလှုပ်ရှားမှု အထိမ်းအမှတ်အသိပညာ ပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက အခြေခံပညာအထက်တန်းကျောင်း (ထန်းတပင်) ပင်လုံခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အသိပညာပေးဟောပြောပွဲတွင် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ခိုင်စန္ဒာထွန်းက အဖွင့်အမှာစကားပြောကြားသည်။ ဆက်လက်၍ မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူး အောင်မျိုးသူက အမျိုးသမီးများနှင့် ကလေးငယ်များအပေါ် အကြမ်းဖက်မှုများမဖြစ်ပေါ်လာစေရေး၊ စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာများ အကြမ်းဖက်မှုဖြစ်စဉ်များ စသည့်အကြောင်းတို့ကို ပြောကြားပြီး၊ မြို့နယ်ဥပဒေအရာရှိ ဒေါ်အိသန္တာကျော်က အမျိုးသမီးများ အကြမ်းဖက်ခံရမှုနှင့် ပတ်သက်သော ပြစ်မှု၊ ပြစ်ဒဏ်များနှင့် ထောင်ဒဏ်များအကြောင်းတို့ကို အသိပညာပေးပြောကြားခဲ့သည်။

အခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ ဌာနဆိုင်ရာများ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)