စဉ့်ကိုင် ဒီဇင်ဘာ ၈
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးဉာဏ်စိုးနှင့် ဝန်ထမ်းများက မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင်များအနက်မှ နိုင်ငံသားစိစစ်ရေး ကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်းတွင် မပါရှိသူများအား ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးခြင်းကို မြို့မရပ်ကွက်၊ ရွှေစေတီဘုရားဝန်းအတွင်းရှိ ဓမ္မာရုံ၌ ဒီဇင်ဘာ ၈ ရက်နေ့နံနက်ပိုင်းက ဆောင်ရွက်ပေးခဲ့ကြသည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် မကြာမီကျင်းပပြုလုပ်မည့် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အဆင်ပြေချောမွေ့စွာဆန္ဒမဲပေးနိုင်ရန်အတွက် စဉ့်ကိုင်မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများနှင့် အသက်(၁၈)နှစ်နှင့်အထက် ဝန်ထမ်းမိသားစုဝင်များအနက်မှ နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသူများ၊ ပျောက်ဆုံး၊ ပျက်စီးသူများနှင့် အိမ်ထောင်စုလူဦးရေစာရင်းတွင် မပါဝင်သူများအား ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ မြို့နယ်ဦးစီးမှူးရုံး၊ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများက ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ကျော်စွာ(စဉ့်ကိုင်)