ဟင်္သာတ ဒီဇင်ဘာ ၁၀
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်၌ ခရိုင်နှင့်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကာကွယ်ဆေးဖြင့် ကာကွယ်၍ရသော ရောဂါများမဖြစ်ပွားစေရေးအတွက် အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့က သုံးပင်ကွင်းရပ်ကွက်ရှိ ဆယ်ထပ်ကြီးဘုရားဝန်းစုရပ်နှင့် မြဝတီရပ်ကွက်ရှိ မြသိင်္ဂီ သီလရှင် စာသင်တိုက်စုရပ်တို့တွင် သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေးများကို ထိုးနှံပေးခဲ့ကြသည်။
ဟင်္သာတမြို့နယ်တွင် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ နေခြည်ထက်ထက်လင်းအောင် ဦးဆောင်သော ခရိုင်နှင့်မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက မြို့နယ်အတွင်းရှိ အသက် (၉) နှစ်ပြည့်ပြီး (၁၂)နှစ်မကျော်သော မိန်းကလေး (၂၄၂၈) ဦးအား သားအိမ် ခေါင်းကင်ဆာရောဂါကာကွယ်ဆေးများကိုလည်း ထိုးနှံပေးလျက်ရှိသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံမှုများကို ဟင်္သာတခရိုင်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ နေခြည်ထက်ထက်လင်းအောင် ဦးဆောင်သော ခရိုင်နှင့်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများ၊ ခရိုင်မိခင်ကလေးနှင့် အမျိုးသမီးရေးရာဥက္ကဋ္ဌ ဒေါ်သက်သက်ဦးနှင့်အဖွဲ့ဝင်များက လိုက်လံကြည့်ရှု အားပေးခဲ့ကြပြီး လိုအပ်သော ပံ့ပိုးကူညီဆောင်ရွက်မှုများ ပူးပေါင်း ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
ဟင်္သာတ
ခရိုင် (ပြန်/ဆက်)