တောင်သာမြို့၌ ဒို့အတူတူမဲပေးကြမယ် လက်ကမ်းစာစောင်များ ဖြန့်ဝေ

တောင်သာ ဒီဇင်ဘာ ၁၀

တောင်သာမြို့၌ မကြာမီကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အသက် ၁၈ နှစ်နှင့် အထက် မဲပေးပိုင်ခွင့်ရှိသည့် နိုင်ငံသားတိုင်း နိုင်ငံသားအခွင်းအရေး မဆုံးရှုံးစေရန် ပြည်သူများအားလုံးပါဝင်၍ ဆန္ဒမဲပေးနိုင်ရေး အသိပညာပေးနှိုးဆော်သည့် ဒို့အတူတူမဲပေးကြမယ် လက်ကမ်းစာစောင်များကို ယနေ့နံနက် ၁၀ နာရီအချိန်က လူစည်းကားရာနေရာများနှင့် မင်းစုအ.ထ.ကကျောင်းတွင် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ဒို့အတူတူမဲပေးကြမယ် ရွေးကောက်ပွဲမှသည် ပိုမိုကောင်းမွန်သော အနာဂတ်ဆီသို့ လက်ကမ်းစာစောင်များကို လမ်းသွားလမ်းလာဖြတ်သန်းသွားလာနေကြသည့် ဒေသခံပြည်သူများ၊ ခရီးသွားပြည်သူများထံနှင့် ကျောင်းသား/ ကျောင်းသူများထံသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးရဲဝင်းအောင်နှင့် ဝန်ထမ်းများက လက်ကမ်းစာစောင် အစောင်ရေ (၃၀၀) စောင်ကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ကျော်မျိူးနိုင်(တောင်သာ)