တောင်သာမြို့ လူငယ်ရေးရာဟောပြောပွဲ ကျင်းပ

တောင်သာ ဒီဇင်ဘာ ၁၀

တောင်သာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ဒီဇင်ဘာလ ၁၀ရက် နံနက် ၉ နာရီအချိန်က မင်းစုအခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနား၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးရဲဝင်းအောင် လူငယ်နှင့်စာဖတ်ခြင်းအကြောင်း၊ လူငယ်များ ကိုယ့်အားကိုယ်ကိုး၊ ကိုယ်လမ်းကိုယ်ဖောက်၊ ကိုယ်စိတ်ဓာတ်ကို မြင့်မားအောင် လေ့ကျင့်သင်ယူနည်း၊ အမှီအခို ကင်းဝေအောင် စိတ်ဓာတ်များ မွေးမြူတတ်စေရန်နှင့် နိုင်ငံတော်၏ အနာဂတ်သည် ကျောင်းသား/ကျောင်းသူများ၏ လက်ဝယ်၌ရှိနေပြီး၊ လူငယ်များ စိတ်ဓာတ်ကောင်းမွန်ဖို့က ပထမ၊ စည်းကမ်းရှိဖို့က ဒုတိယ၊ လူငယ်များကို အားကိုးအားထိုက်သည့် လူငယ်များဖြစ်စေဖို့နှင့် လူငယ်များ အသိပညာကြွယ်ဝမှ နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတတ်မှုအရှိန်တိုးတက်လာမည် ဖြစ်ကြောင်း ဟောပြောခဲ့ပြီး၊ ဟောပြေပွဲသို့ ဆရာ/ ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူ  (၄၅) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

ကျော်မျိုးနိုင်(တောင်သာ)