ကျောက်ပန်းတောင်း ဒီဇင်ဘာ ၁၀
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ်၌ ၂၀၂၅-၂၀၂၆ ခုနှစ်၊ မိုးစပါးကွင်းပြတ် စံကွက်ရိတ်သိမ်းပွဲကို၊ ဒီဇင်ဘာ ၈ ရက်နေ့ နံနက်က ကိုင်းကျေးရွာအုပ်စု ကွင်းအမှတ်- ၂၂၆၈၊ တောင်သူ ဦးသာဩ၏ မိုးစပါး ၁.၀၀ ဧကတွင် ပြုလုပ်ခဲ့သည်။
အဆိုပါ စံကွက်ရိတ်သိမ်းပွဲသို့ စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်အေးအေးမော်နှင့်ဝန်ထမ်းများ၊ မြေစာရင်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဝင်းလွင်နှင့်ဝန်ထမ်းများ၊ ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန မြို့နယ်ဦးစီးဦးကျော်ဆွေဝင်းနှင့် ဝန်ထမ်းများ ကိုင်းကျေးရွာအုပ်စုမှ တောင်သူများတက်ရောက်ခဲ့ကြပြီး၊ မြို့နယ်တာဝန်ရှိသူများက မိုးစပါး လျာထားချက်ပြည့်မီရေးအတွက် တောင်သူများ လိုက်နာလုပ်ဆောင်ရမည့် နည်းစနစ်ကောင်းများကို ပညာပေးဆွေးနွေးကြသည်။ ယင်းနောက်တောင်သူ ဦးသာဩ၏ အောင်နိုင်တိုး မိုးစပါး ၁.၀၀ ဧကမှ ၀.၁၀ စံကွက်ကို ရိတ်သိမ်းကြရာ ၁၂. ၅ တင်း ထွက်ရှိခဲ့သဖြင့် တစ်ဧကအထွက်နှုန်းမှာ ၁၂၅ တင်းထွက်ရှိမည်ဖြစ်ကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)