လိပ်သို ဒီဇင်ဘာ ၁၀
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့၊ မာဒေးကျေးရွာ အခြေခံပညာမူလတန်းကျောင်း၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားတွင် ရှေးဉီးစွာ မာဒေးကျေးရွာ အခြေခံပညာမူလတန်း ကျောင်းအုပ်ဆရာကြီး ဉီးဇော်ဇော်မိုးက ကျောင်းသား/ ကျောင်းသူများအနေဖြင့် ပညာရေးတွင်သာမက ဗလငါးတန်နှင့်ပြည့်စုံအောင်လည်း ကြိုးစားသင့်ကြောင်း အဖွင့်အမှာစကား ပြောကြားခဲ့သည်။
ထို့နောက် ပညာရည်ချွန်ဆုရရှိသော ကျောင်းသား/ ကျောင်းသူများနှင့် ကျောင်းတွင်းစုံညီ အားကစားပြိုင်ပွဲများတွင်ဆုရရှိသော ကျောင်းသား/ ကျောင်းသူများအား မာဒေး အ.မ.က ကျောင်းအုပ်ဆရာကြီးနှင့် မာဒေးကျေးရွာ ကျောင်းအကျိုးတော်ဆောင်များက ဆုများအသီးသီး ချီးမြှင့်ပေးခဲ့သည်။
ဆုချီးမြှင့်ပွဲအပြီးတွင် မာဒေး အ.မ.ကကျောင်းမှ ကျောင်းသား/ ကျောင်းသူများက အကပဒေသာများဖြင့် ကပြဖျော်ဖြေပေးခဲ့ပြီး တက်ရောက်လာသော ဧည့်သည်တော်များအား ကျွေးမွေးဧည့်ခံခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နော်ဖလောရင်း