ဘားအံ ဒီဇင်ဘာ ၁၀
ကရင်ပြည်နယ် ဘားအံမြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့်ပြိုင်ပွဲများပြုလုပ်ဆောင်ရွက်ခြင်းကို ယနေ့မွန်းလွဲပိုင်းက ဘားအံခရိုင် လူထု အခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ဆောင်ရွက်သည်။
ဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စိုးစိုးအေးက ကလေးသူငယ်၏ အသက်အရွယ်အပိုင်းအခြားနှင့်ကလေးသူငယ်ဆိုင်ရာအခွင့်အရေးများ၊ စာဖတ်ခြင်း၏ အကျိုးကျေးဇူးများဆိုင်ရာများ၊ ကျောင်းသား၊ ကျောင်းသူများ အားလပ်ချိန်ကိုအကျိုးရှိစွာအသုံးပြုကြရေးနှင့် ကျောင်းစာကို ကြိုးစားလေ့လာသင်ယူမှတ်သားသလို ပြင်ပဗဟုသုတရရှိမည့် စာပေများကိုပါလေ့လာဖတ်ရှုနိုင်ရေးတို့ကို ဟောပြောဆွေးနွေးသည်။
ထို့နောက် အမှတ်(၄)အခြေခံပညာမူလတန်းလွန်ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက စာကြည့်တိုက်ရှိစာအုပ်စာစောင်များကို စိတ်ကြိုက်ရွေးချယ်ဖတ်ရှုစေပြီး စာဖတ်စွမ်းရည်ယှဉ်ပြိုင်ခြင်း၊ ပုံပြင်ပြောခြင်းနှင့် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲများ ဆောင်ရွက်ခြင်းနှင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာဥပဒေများ၊ ပြစ်မှု၊ပြစ်ဒဏ်များ၊ ကလေးများအပေါ်အကြမ်းဖက်မှုပုံစံအမျိုးမျိုးနှင့်သတိပြုရမည့်အချက်များနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးအကြောင်းအရာများပါဝင်သော နံရံကပ်စာစောင်များ ပြသဆောင်ရွက်ထားရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာလေ့လာဖတ်ရှုခဲ့ကြောင်းသိရသည်။
ခရိုင်(ပြန်/ဆက်)