အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့တွင် အသံတိတ်သပိတ် Silent Strike ပြုလုပ်ရန်လှုံ့ဆော်မှု ဝါဒဖြန့်ထားသော်လည်း ရန်ကုန်မြို့တွင် ပြည်သူများ စည်းကားသွားလာလျက်ရှိ

ရန်ကုန် ဒီဇင်ဘာ ၁၀

အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH, NUG နှင့် ယင်းတို့၏ လက်အောက်ခံအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်ကာ ယနေ့ (ဒီဇင်ဘာ ၁၀ ရက်) အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့တွင် အသံတိတ်သပိတ် Silent Strike ပြုလုပ်ရန်လှုံ့ဆော်မှု၊ ဝါဒဖြန့်ထားခဲ့သည်။

အဆိုပါအသံတိတ်သပိတ် Silent Strike ပြုလုပ်ရန်လှုံ့ဆော်မှုဝါဒဖြန့်ထားသော်လည်း ရန်ကူန်မြို့အတွင်းရှိ လမ်းမများပေါ်တွင် ပြည်သူများ ယခင်ရက်များထက် ပိုမိုစည်ကားပြီး သွားလာလူပ်ရှားလျက်ရှိကြောင်း သိရသည်။

အောင်မြင့် (ပြန်/ဆက်)