အင်းစိန်မြို့နယ်၌ ခရိုင်အမျိုးသမီးရေးရာအဖွဲ့မှ ကြီးမှူးကျင်းပသော အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးလှုပ်ရှားမှု အသိပညာပေးဟောပြောပွဲ အခမ်းအနားကျင်းပ

အင်းစိန် ဒီဇင်ဘာ ၁၀

ရန်ကုန်တိုင်း‌ဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးလှုပ်ရှားမှု အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီအချိန်က အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း ဧရာဝတီဆောင်ခန်းမတွင် ကျင်းပခဲ့သည်။

ရှေးဦးစွာ အင်းစိန်ခရိုင်အမျိုးသမီးရေးရာအဖွဲ့အတွင်းရေးမှူး ​ဒေါ်ခင်ဆွေရီမြင့်မှ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး အသိပညာဟောပြောပွဲ အခမ်းအနားကျင်းပရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး မြို့နယ်ဥပဒေရုံးမှ ဒုတိယဥပဒေအရာရှိ ဒေါ်သဥ္ဇာဝင်းရွှေက မြန်မာနိုင်ငံအတွင်း အမျိုးသမီးများအား အကြမ်းဖက်မှုဖြစ်ပွားခဲ့မှုအခြေအနေများနှင့် အကြမ်းဖက်မှုတုံ့ပြန်ဆောင်ရွက်ရန်အတွက် အခြေခံလမ်းညွန်များ၊ ပြစ်မှုကျူးလွန်သူများအား ပြစ်မှုနှင့် ပြစ်ဒဏ်များ၊ သက်ငယ်မုဒိမ်းမှုဖြစ်ပွားရသည့် အခြေအနေများကိုလည်းကောင်း၊ အမှတ် (၆) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု (ရန်ကုန်) ရဲအုပ်ကျော်ဇေယျာထွန်းက လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာများကိုလည်းကောင်း၊ ခရိုင်လူမှုဝန်ထမ်းရုံးမှ ဦးအရာရှိ ဒေါ်ရင်လှက ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊ လိင်ပိုင်းဆိုင်၊ စိတ်ပိုင်းဆိုင်ရာ၊ စီးပွားရေးဆိုင်ရာ အကြမ်းဖက်မှုများအကြာင်း နောက်ဆက်တွဲအကျိုးဆက်မှုများကို ပြည့်ပြည့်စုံစုံ ရှင်းလင်းပြောကြားခဲ့ပြီး ခရိုင်အမျိုးသမီးရေးရာအဖွဲ့မှ ကျောင်းသား/ကျောင်းသူများအား လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြသည်။

အဆိုပါဟောပြောပွဲတွင် ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ခရိုင်/မြို့နယ် မိခင်နှင့် ကလေးစောင့်ရှောက်ရေးမှုကြီးကြပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်ကျန်းမာရေးဦးစီးမှူး၊ မြို့နယ်ပညာရေးမှူး၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးဌာန၊ လူကုန်ကူးမှုတာဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနနှင့် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းအုပ်ဆရာမကြီး ဒေါ်ရီရီမြင့်နှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း ၂၀၀ ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ထွန်းလင်းကျော် (ပြန်/ဆက်)