လမ်းမတော်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် (Book Club) စာပေချစ်မြတ်နိုးသူများဖြင့် စာဖတ်ဝိုင်းပြုလုပ်

ရန်ကုန် ဒီဇင်ဘာ ၁၀

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လမ်းမတော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့တို့ ပူးပေါင်း၍ ယနေ့မွန်းလွဲ (၁) နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community centre) ခန်းမတွင် စာရေးဆရာမ လှိုင်မေသစ်ဦးကြည်၏ "ချစ်၍ချစ်ခါလာသည်မှကွယ်" ရသဝတ္ထုဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲပြုလုပ်ခဲ့သည်။

အဆိုပါစာဖတ်ဝိုင်းဆွေးနွေးပွဲတွင် (Book Club) အဖွဲ့ဥက္ကဋ္ဌ ဦးသူရဇော်က အမှာစကားပြောကြားခဲ့ပြီး၊ စာရေးဆရာမညွှန့်ညွှန့်၊ စာရေးဆရာ အောင်ချစ်မိုးနှင့် စာရေးဆရာမတင့်တယ်ခင်တို့က မုဒိတာစကားများ ပြောကြားကာ လမ်းမတော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင်တင်စိန်က ကျေးဇူးတင်စကားပြောကြားခဲ့သည်။ ထို့နောက် "ချစ်၍ ချစ်ခါလာသည်မှကွယ်" ရသဝတ္ထုကို စာရေးဆရာမ လှိုင်မေသစ်ဦးကြည်ကဖတ်ကြားခဲ့ပြီး၊ တက်ရောက်လာကြသည့် မြို့နယ် (Book Club) အဖွဲ့ဝင်များ၊ စာပေဝါသနာရှင် စာရေးဆရာ/ဆရာမများက အဆိုပါရသဝတ္ထုတွင် ပါဝင်သည့် အကြောင်းအရာတို့ကို အပြန်အလှန်ကောက်နုတ်ဆွေးနွေးခဲ့ကြသည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားရှိသည့် အသိပညာပေးနံရံကပ်စာစောင်များနှင့် သုတ/ရသစာအုပ်စာစောင်များကို စာပေချစ်မြတ်နိုးသူများက ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ကျော်ဆန်းမြင့်