ချမ်းအေးသာစံမြို့နယ် ဆေးတက္ကသိုလ်၌ ‎ ခရစ်စမတ်အကြို ပျော်ပွဲရွှင်ပွဲအခမ်းအနား ကျင်းပ

ချမ်းအေးသာစံ ဒီဇင်ဘာ ၁၁

Sweet December, Merry Christmas and Happy New Year 2026 ကို ကြိုဆိုသောအားဖြင့် ခရစ်စမတ်အကြို ပျော်ပွဲရွှင်ပွဲအခမ်းအနားကို ချမ်းအေးသာစံမြို့နယ် ဆေးတက္ကသိုလ်(မန္တလေး)ရှိ ဇီဝကခန်းမ၌ ယမန်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

ခရစ်စမတ်အကြို ပျော်ပွဲရွှင်ပွဲအခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် တင်မင်းလတ်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေလင်းစိုး၊ လှုမှုရေးရာဝန်ကြီး ဦးအောင်ကျော်မိုး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်ဦး၊ စီးပွားရေးဝန်ကြီး ဦးသိန်ဌေး၊ သယံဇာတဝန်ကြီး ဦးရွှေစင်၊ ဥပဒေချုပ်ဦးမြင့်အောင်၊ အစိုးရအဖွဲ့အတွင်းရေးမှူး ဦးဝေဇင်ထွန်း၊ စည်ပင်အတွင်းရေးမှူး ဦးဝင်းမောင်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။

ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ဆေးတက္ကသိုလ်မှ ကျောင်းသား/ကျောင်းသူများ၏ သီဆိုဖျော်ဖြေမှုအား ကြည့်ရှု့အားပေးခဲ့ပြီး ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲနှင့် ပတ်သက်သည့် လက်ကမ်းစာစောင်များကို ဝေငှခဲ့ကြောင်း သိရသည်။

ချမ်းမြေ့မောင် (ချမ်း/ စံ)