လှိုင်းဘွဲ ဒီဇင်ဘာ ၁၁
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ကရင်လူငယ်မောင်မယ်များက ကရင်အမျိုးသားနှစ်သစ်နေ့အကြို နှုတ်ခွန်းဆက်တေးသီချင်းများ လှည့်လှည်ဖျော်ဖြေပေးခြင်းကို ယမန်နေ့ည (၆) နာရီက လှိုင်းဘွဲမြို့ပေါ် ရပ်ကွက်များအတွင်း တေးသီချင်းများ လှည့်လည်ဖျော်ဖြေပေးခဲ့ကြောင်း သိရသည်။
အဆိုပါတေးသီချင်းများ လှည့်လည်ဖျော်ဖြေပေးခြင်းကို မြို့နယ်ကရင်စာပေနှင့်ယဉ်ကျေးမှုတိုးတက်ပြန့်ပွားရေးအသင်းမှ ဦးဆောင်၍ ကရင်လူငယ်မောင်မယ်များက ကရင်အမျိုးသားအားလုံး ကရင်အမျိုးသား နှစ်သစ်ကူးနေ့ကို တန်ဖိုးထားကြိုဆိုကြရန်၊ ကရင်အမျိုးသားလုံးအေးမြခြင်း၊ ငြိမ်းချမ်းခြင်း၊ စည်းလုံးညီညွတ်ခြင်း၊ မျိုးချစ်စိတ်ရှိခြင်း အစရှိသည့် ကရင်အမျိုးသားနှစ်သစ်ကူအကြို နှုတ်ခွန်းဆက်တေးသီချင်းများ ဖျော်ဖြေပေးခြင်း၊ ကရင်ဒုံးအကဖြင့် ကပြဖျော်ဖြေခြင်းတို့ကို လှိုင်းဘွဲမြို့ပေါ် ရပ်ကွက်များအတွင်း နေအိမ်များတွင် လှည့်လည်ဖျော်ဖြေပေးခဲ့ပြီး စေတနာရှင်၊ အလှူရှင်များကလည်း ကရင်အမျိုးသားနှစ်သစ်ကူးအခမ်းအနားအတွက် အလှူငွေများ ပါဝင်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
စောဒိ ပြန်/ဆက်)