ကျောက်ဆည် ဒီဇင်ဘာ ၁၁
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ၂၀၂၅-၂၀၂၆ခုနှစ် ဆောင်းသီးနှံစုံ (၁၁၀၈၁) ဧက စိုက်ပျိုးပြီးကြောင်း မြို့နယ်မြေစာရင်းဦးစီးဌာနမှ သိရသည်။
ထိုသို့စိုက်ပျိုးရာ၌ ငရုပ် (၃၉) ဧက၊ ကြက်သွန်နီ (၂၂၇၅) ဧက၊ ကြက်သွန်ဖြူ (၃၈) ဧက၊ ကျွဲ၊ နွားစာ (၁၃၄) ဧက၊ ဟင်းသီးဟင်းရွက် (၁၈၅) ဧက၊ ထောပတ်ပဲ (၁၄) ဧက၊ ကုလားပဲ (၃၅၅၆) ဧက၊ ပဲကြီး (၁၃၀) ဧက၊ အခြားပဲ (၈၂၆) ဧက၊ ဖူးစားပြောင်း (၁၆၇၂) ဧက၊ မြေပဲ (၈၂) ဧက၊ နှမ်း (၆၄၄) ဧက၊ နေကြာ (၁၂၅၄) ဧက၊ ပဲတီစိမ်း (၂၃၂) ဧက၊ စုစုပေါင်း (၁၁၀၈၄) ဧက စိုက်ပျိုးပြီးကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ်အနေဖြင့် ဆောင်းသီးနှံမျိုးစုံ စိုက်ပျိုးရာ၌ လျာထားစိုက်ဧကပြည့်မီကျော်လွန်ရေး မြို့နယ်စိုက်ပျိုးရေးညှိနှိုင်းမှုအဖွဲ့နှင့်တာဝန်ရှိသူများက တောင်သူများနှင့်ပူးပေါင်း၍ စိုက်ပျိုးမြေများ ပြုပြင်ရာ၌ လိုအပ်သည့်စက်ယန္တယားများဖြည့်ဆည်းပေးခြင်း၊ ဒေသနှင့်ကိုက်ညီသည့်မျိုးများဖြန့်ဝေခြင်း၊ သီးနှံများအောင်မြင်ဖြစ်ထွန်းရေး စိုက်နည်းစနစ်များနှင့် အပင်ပြုပြင်ခြင်းများအား အသိပညာပေးဆောင်ရွက်ခြင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)