ဘားအံ ဒီဇင်ဘာ ၁၁
ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၂၈) ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်ရမည့် လုပ်ငန်းရပ်များကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ရွေးကောက်ခံမည့် နိုင်ငံရေးပါတီအသီးသီးမှ လွှတ်တော်ကိုယ်စားလှယ်များ၏ အမည်၊ သင်္ကေတအမှတ်အသားနှင့် အမှတ်စဉ်များကို (MEVM) မဲပေးစက်တွင် အတည်ပြုတပ်ဆင်ခြင်းကို ယနေ့နံနက်ပိုင်းက ကရင်ပြည်နယ် လွှတ်တော်ရုံးတွင် ဆောင်ရွက်လျက်ရှိရာ ကရင်ပြည်နယ်အစိုးရအဖွဲ့ဝင် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ ကရင်ပြည်နယ်မဲပေးစက်ဆိုင်ရာ တာဝန်ခံဝန်ကြီးဦးညီညီဇော်က ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
အဆိုပါမဲပေးစက်တပ်ဆင်ခြင်းလုပ်ငန်းတွင် ပြည်နယ်၊ ခရိုင်၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့မှ ကြီးကြပ်မှုဖြင့် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) များကို နည်းပညာအထောက်အကူပြု၊ သင်တန်းတက်ရောက်ပြီးသည့် နည်းပညာတက္ကသိုလ်၊ ကွန်ပြူတာတက္ကသိုလ်၊ ဘားအံတက္ကသိုလ်၊ အစိုးရစက်မှုလက်မှု သိပ္ပံကျောင်း၊ အစိုးရနည်းပညာအထက်တန်းကျောင်းတို့မှ ဆရာ၊ ဆရာမ (၃၀) ဦးနှင့် စက်ပိုင်းဆိုင်ရာကျွမ်းကျင်ပညာရှင် (၈) ဦးတို့က တပ်ဆင်ပြီး မဲပေးစက်များ၏ လုပ်ဆောင်ချက်မှန်ကန်မှု ရှိ၊ မရှိကို တာဝန်ရှိသူများက စစ်ဆေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)