ပေါက်ခေါင်း ဒီဇင်ဘာ ၁၁
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးတွင် နိုင်ငံသားတိုင်းမဲပေးနိုင်မည့်အခွင့်အရေး အပြည့်အဝရရှိစေရန်နှင့် ရွေးကောက်ပွဲဆိုင်ရာအကြောင်းအရာများကို ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန်ရည်ရွယ်၍ "ဒို့အတူတူမဲပေးကြမယ်" သတင်းစကားလက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းက မြို့မဈေး၊ မြို့အဝင်ဂိတ်နှင့် လူစည်ကားရာနေရာများတွင် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်နိုင်သူဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိနှင့်ဝန်ထမ်းများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများပူးပေါင်း၍ လူစည်ကားရာနေရာများဖြစ်သည့် မြို့မဈေးနှင့် မြို့အဝင်ဂိတ်တို့တွင် "ဒို့အတူမဲပေးကြမယ်" သတင်းစကားလက်ကမ်းစာစောင်များကို ပြည်သူများအား အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။
ဖုန်းကျော်ဇင်(ပြန်/ဆက်)