ဖြူး ဒီဇင်ဘာ ၁၁
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ တခွန်တိုင်ကျေးရွာအုပ်စု၊ သဖန်းတန်းကျေးရွာ၌ VDP စီမံကိန်းထောက်ပံ့ငွေဖြင့် ကျောက်ရောမြေလမ်းခင်းခြင်းလုပ်ငန်းနှင့် ရေသန့်စက်တပ်ဆင်ခြင်း လုပ်ငန်းဆောင်ရွက်နေမှုကို ယနေ့နံနက်ပိုင်းက မြို့နယ်ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူးနှင့် မြို့နယ်ဦးစီးမှူးတို့ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့စစ်ဆေးရာတွင် VDP စီမံကိန်းထောက်ပံ့ငွေဖြင့် လမ်းအရှည်(၃၁၅၀)ပေ၊ လမ်းအကျယ်(၁၂)ပေ၊ ထု(၆)လက်မရှိ ကျောက်ရောမြေလမ်းခင်းခြင်းနှင့် ရေသန့်စက်တပ်ဆင်ခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိရာ (၁၀၀)ရာခိုင်နှုန်းပြီးစီးပြီဖြစ်ကြောင်းနှင့် ကျေးရွာရှိ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်စေရေး၊ အိမ်ခြေ (၁၂၀)အတွက် သန့်ရှင်းသော သောက်သုံးရေရရှိရေး အကျိုးပြုမည်ဖြစ်ကြောင်း ကျေးရွာဒေသခံများထံမှ သိရသည်။
နေမျိုးလွင်(ပြန်/ဆက်)