ကရသူရိမြို့ ကလေးစာဖတ်ခန်း၌  ကျောင်းသား/ ကျောင်းသူများ ကဗျာရွတ်ဆိုပြိုင်ပွဲ ကျင်းပ

ကရသူရိ ဒီဇင်ဘာ ၁၁

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၌ ကျောင်းသား/ ကျောင်းသူများ ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကဗျာရွတ်ဆိုပြိုင်ပွဲကို ဒီဇင်ဘာ ၁၁ ရက်၊ မွန်းလွဲ ၂ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာန၊  ကလေးစာဖတ်ခန်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာန၊ မြို့ဦးစီးမှူးက ကျောင်းသား/ ကျောင်းသူများ ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်ရေး၊ ထူးချွန်ထက်မြက်ရေး၊ ဝေါဟာရများကြွယ်ဝရေး၊ သွက်လက်ထက်မြက်ရေးတို့အတွက် လေ့ကျင့်သင်ကြားပေးခြင်းဖြစ်ကြောင်း ပြောကြးပြီး ကဗျာရွတ်ဆိုပြိုင်ပွဲကို ကျောင်သား/ကျောင်းသူများက မိမိကြိုက်နှစ်သက်ရာ ခေါင်းစဉ်အသီးသီးဖြင့် ယှဥ်ပြိုင်ကြပြီး  ဆုရရှိသူများကို ဆုများပေးအပ်ချီးမြှင့်သည်။

အဆိုပါ ကဗျာရွတ်ဆိုပြိုင်ပွဲသို့ ကရသူရိမြို့ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူ (၁၅) ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။

ကရသူရိ(ပြန်/ဆက်)