ပလောက် ဒီဇင်ဘာ ၁၂
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့၌ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ဒို့အတူတူမဲပေးကြမယ် လှုံ့ဆော်ရေးပိုစတာ စိုက်ထူခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းတို့ကို ယနေ့နံနက် ၈ နာရီခွဲက ပလောက်မြို့ စည်ပင်သာယာစျေးကြီးအရှေ့ ထားဝယ်-မြိတ် ကားလမ်းမကြီးလူစည်ကားရာနေရာများတွင် ဆောင်ရွက်ခဲ့သည်။
အဆိုပါ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဒို့အတူတူမဲပေးကြစို့၊ ရွေးကောက်ပွဲမှသည် ပိုမိုကောင်းမွန်သောအနာဂတ်ဆီသို့ လှုံ့ဆော်ရေး ပိုစတာအား ပလောက်မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တာဝန်ရှိသူနှင့် ဝန်ထမ်းများမြို့အတွင်းရှိ ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများ တာဝန်ရှိသူများ တက်ရောက်ဖွင့်လှစ် စိုက်ထူခဲ့ပြီးနောက် လူစည်းကားရာနေရာများ၌ ပြည်သူများအား ရွေးကောက်ပွဲတွင် ပြည်သူများ ပါဝင်မဲပေးနိုင်ရေးအတွက် ဒို့အတူတူမဲပေးကြမယ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။
ပလောက်(ပြန်/ဆက်)