အစိုးရနည်းပညာအထက်တန်းကျောင်း(မကွေး)တွင် အခြေခံကွန်ပျူတာ ကာလတို သင်တန်းဆင်းပွဲ ကျင်းပ

မကွေး ဒီဇင်ဘာ ၁၃

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့၊ အစိုးရနည်းပညာအထက်တန်း‌ကျောင်း၌  ဒီဇင်ဘာလ(၁၁)ရက်နေ့ မွန်းလွဲပိုင်းက အခြေခံကွန်ပျူတာသင်တန်း ကာလတိုသင်တန်းဆင်းပွဲနှင့် အောင်လက်မှတ်ပေးအပ်ပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် နည်းပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးခင်မာင်ညွန်က အစိုးရနည်းပညာအထက်တန်းကျောင်း(မကွေး)တွင် တက်ရောက်နေသည့် ကျောင်းသား၊ ကျောင်းသူများနှင့် ပြင်ပမှတက်ရောက်နေသူများအနေဖြင့် မိမိတို့သင်ကြားပေးသည့်  MicrosoftWord, Excel, Power Point နှင့် စာစီစာရိုက်နည်းစနစ်များအား စာတွေ့၊ လက်တွေ့ သင်ယူပြီးမြောက်ပြီဖြစ်သည့်အတွက် ပြန်လည်လေ့ကျင့်မှုများ ပြုလုပ်ကြရန်တို့ကို ဆွေးနွေးပြောကြားကာ သင်တန်းသား၊ သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များနှင့် ထူးချွန်ဆုများကို ကျောင်းအုပ်ကြီးနှင့် တာဝန်ရှိသူများက ပေးအပ်ချီးမြှင့်ပြီး သင်တန်းသားများကိုယ်စား သင်တန်းသားတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

အဆိုပါ အခြေခံကွန်ပျူတာပညာရပ်များဖြစ်သော MicrosoftWord, Excel, Power Point နှင့် စာစီစာရိုက်နည်းတို့ကို သင်ကြားပို့ချပေးခဲ့ရာ အဆိုပါသင်တန်းကို သင်တန်းသား၊ သင်တန်းသူ (၂၂)ဦးဖြင့် (၂၂-၁၀-၂၀၂၅)ရက်နေ့မှ (၁၀-၁၂-၂၀၂၅)ရက်နေ့အထိ သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)