ဂန့်ဂေါ ဒီဇင်ဘာ ၁၃
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့၌ ခရိုင်ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးမှူး ဦးရှိုင်းသူ ဦးဆောင်သည့် ပူးပေါင်းအဖွဲ့များသည် ငလျင်ဘေးအန္တရာယ်ဆိုင် အသိပညာပေးနှိုးဆော်ခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယမန်နေ့မွန်းလွဲ ၂ နာရီအချိန်က မြို့ပေါ်ရပ်ကွက်များသို့ လှည့်လည်၍ ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးနှိုးဆော်ရာတွင် ငလျင်ဘေးအတွက် ကြိုတင်ပြင်ဆင်ရန်များ၊ ငလျင်လှုပ်နေစဉ်တွင် လိုက်နာရန်အချက်များ၊ ငလျင်လှုပ်နေစဉ်တွင် ရှောင်ရှားသင့်သည့် အချက်များ၊ ငလျင်လှုပ်ပြီးနောက် ပြုလုပ်ရန်အချက်များနှင့် ငလျင်လှုပ်ပြီးနောက် ရှောင်ရှားသင့်သည့် အချက်များကို ပြည်သူများကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် မြို့ပေါ်ရပ်ကွက်များနှင့် လူစည်ကားရာ နေရာများသို့ လှည့်လည်၍ အသံချဲ့စက်ဖြင့်အသိပညာပေးနှိုးဆော်ခြင်းများကို ဆောင်ရွက်ကာ ငလျင်ဘေး ပညာပေးလက်ကမ်းစာစောင်(၂၀၀)စောင်ကို ဖြန့်ဝေခဲ့ကြသည်။
အဆိုပါအသိပညာပေးနှိုးဆော်ဆောင်ရွက်ခြင်းကို ခရိုင်ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးမှူး ဦးရှိုင်းသူနှင့်ဝန်ထမ်းများ၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးဇော်ရဲနိုင်နှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေဦးစီးဌာနမှ ဝန်ထမ်းများက ပူးပေါင်း၍ ငလျင်ဘေးအန္တရာယ်အသိပညာပေးနှိုးဆော်ခြင်းနှင့် ငလျင်ဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးလက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေခြင်းတို့ကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မောင်မျိုးမင်း