စလင်းမြို့နယ် မြင်တင် (အမက) ကျောင်း၌ သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး (HPV) ထိုးနှံပေး

စလင်း ဒီဇင်ဘာ ၁၃

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့ မြင်တင်ရပ် အခြေခံပညာမူလတန်းကျောင်း၌ ကျောင်းပြင်ပ ပြည်သူထုထု သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး(H P V)ထိုးနှံခြင်းလုပ်ငန်းကို  အသက် (၉) နှစ်ပြည့်ပြီး (၁၂) နှစ်မကျော်သော ကျောင်းသူများနှင့်  သီလရှင်ဆရာလေး များအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေးထိုးနှံပေးလျက်ရှိရာ ယမန်နေ့နံနက် (၉) နာရီခွဲအချိန်က မြင်တင်အခြေခံပညာမူလတန်းကျောင်း၌ ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ ကာကွယ်ဆေးများထိုးနှံပေးရာတွင် စလင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာတင့်ဆွေ၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် ပြည်သူ့ကျန်းမာရေးဝန်ထမ်းများက အသက် (၉) နှစ်ပြည့်ပြီး (၁၂) နှစ်မကျော်သော ကျောင်းသူများနှင့် သီလရှင်ဆရာလေးများအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV) ထိုးနှံပေးခြင်းကို ကွင်းဆင်းထိုးနှံပေးခဲ့ကြောင်း  သိရသည်။

သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး(HPV)ဆေး ထိုးနှံခြင်းကို ဒီဇင်ဘာလ(၁)ရက်နေ့မှဒီဇင်ဘာလ (၂၀) ရက်နေ့အထိ ထိုးနှံပေးသွားမည်ဖြစ်ပြီး ထိုသို့သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး(HPV)ထိုးနှံပေးနေမှုများအား ​စလင်းမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲလင်းနိုင်နှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ စာရေးဝန်ထမ်းများ အမျိုးသမီးရေးရာအဖွဲ့ဝင်များ  မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များက လိုအပ်သည်များကို ပေါင်းစပ်ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မောင်လွင်(စလင်း)